• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်သည် ဘက်အသီးသီးနှင့်အတူ အီရန် နျူကလီးယား ပြဿနာ ဘက်စုံစာချုပ်ကို ထိန်းသိမ်းပြီး လိုက်နာဆောင်ရွက်လိုသည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00) 2019-03-08 13:38:09

တရုတ်နိုင်ငံအနေနှင့် ဘက်အသီးသီးနှင့်အတူ အီရန် နျူကလီးယား ပြဿနာ ဘက်စုံ စာချုပ်ကို ဆက်လက် ထိန်းသိမ်းပြီး လိုက်နာဆောင်ရွက်ရန် ကြိုးပမ်းဆောင်ရွက်လို ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခမ်းက ၇ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အီရန်နျူကလီးယားပြဿနာ ဘက်စုံစာချုပ် ပူးတွဲကော်မတီ အစည်းအဝေးကို ၆ရက်နေ့က ဗီယင်းနားမြို့၌ ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ အရေးကြီး တာဝန်မှာ နိုင်ငံရေးအလားအလာကို ခိုင်မာစေပြီး နောက်တစ်ဆင့် ဆောင်ရွက်ချက်ကို စီမံခန့်ခွဲရန်ဖြစ်ကြောင်း လူခမ်းက ပြောကြားပါသည်။

   Webradio