• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ဆင်းရဲသူ ၈၅ ရာခိုင်နှုန်း ဆင်းရဲသောဘဝမှ ရုန်းထွက်နေပြီ

(GMT+08:00) 2019-03-08 09:43:25

တရုတ်နိုင်ငံတော်ကောင်စီ ဆင်းရဲမှု ပပျောက်ရေး ဦးဆောင်အဖွဲ့ ရုံးဥက္ကဋ္ဌ လျူယုံဖူက၊ လွန်ခဲ့သည့် ၆ နှစ်အတွင်း တရုတ်ပြည် ဆင်းရဲသူ ဦးရေ သန်း ၈၀ ခန့် လျော့နည်းလာပြီး ဆင်းရဲသူ ၈၅ ရာခိုင်နှုန်းခန့် ဆင်းရဲသောဘဝမှ ရုန်းထွက်လာပြီ ဖြစ်ကြောင်း၊ ယခုနှစ်တွင် တရုတ်နိုင်ငံသည် ဆင်းရဲသူ ဦးရေ ၁၀ သန်းကျော် ဆင်းရဲမှု ပပျောက်စေရန် ဆက်လက် ကြိုးပမ်းမည် ဖြစ်ကြောင်း ယခုလ ၇ ရက်နေ့က ပြောကြားပါသည်။

တရုတ်ဘဏ္ဍာရေး ဝန်ကြီးဌာနကလည်း၊ ယခုနှစ်တွင် ဗဟိုဘဏ္ဍာရေးဌာနသည် ဆင်းရဲမှု ပပျောက်ရေး ငွေကြေး ယွမ် ဘီလီယံ ၁၂၀ ကျော်ကို သီးသန့် စီစဉ်ပေးမည် ဖြစ်ပြီး လွန်ခဲ့သည့်နှစ်ကထက် ၂၀ ရာခိုင်နှုန်းနီးပါး တိုးများလာကြောင်း ပြောကြားပါသည်။

၇ ရက်နေ့က ကျင်းပသော ၁၃ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေး၏ သတင်းစာ ရှင်းလင်းပွဲတွင်၊ တရုတ်နိုင်ငံတော်ကောင်စီ ဆင်းရဲမှု ပပျောက်ရေး ဦးဆောင်အဖွဲ့ ရုံးဥက္ကဋ္ဌ လျူယုံဖူက၊ လွန်ခဲ့သည့် ၆ နှစ်အတွင်း တရုတ်ပြည် ဆင်းရဲသူ ဦးရေမှာ ၂၀၁၂ ခုနှစ်က ၉၈၉ သိန်း ၉ သောင်း ရှိရာကနေပြီး ၂၀၁၈ ခုနှစ်က ၁၆၆ သိန်းအထိ လျော့နည်းလာပြီး၊ ၆ နှစ် ဆက်တိုက် နှစ်စဉ် ပျမ်းမျှ ၁၃၀ သိန်း လျော့နည်း လာနေခဲ့ကြောင်း ပြောကြားပါသည်။

ယခုနှစ် တရုတ်ပြည် ဘဏ္ဍာရေး ဌာနများသည် ဆင်းရဲသော ဒေသများ၌ ၉ နှစ် မသင်မနေရ စနစ် ဖေါ်ဆောင်ခြင်း၊ အခြေခံ ဆေးဝါးကုသရေး၊ နေအိမ်နှင့် သောက်သုံးရေး စသည့် နယ်ပယ်များတွင် တစ်ဆင့်တိုး ငွေကြေးထုတ်ပေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။ (ကျော့)

   Webradio