• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ညီညွတ် ပွင့်လင်းပြီး ပကတိကျသော အင်တာနက် လုံခြုံရေး စံချိန် ထားရှိခြင်းသည် အပြုသဘောဆောင်သော တိုက်တွန်းချက် ဖြစ်သည်ဟု လူခမ်း ဆို

(GMT+08:00) 2019-03-07 10:05:13

     တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊၊ နိုင်ငံတကာ မိသားစုကြီး အနေနှင့် အပြန်အလှန် လေးစားပြီး အပြန်အလှန် အကျိုးရှိစေရေး အခြေခံ ပေါ်တွင် တိုင်ပင်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့် အင်တာနက် လုံခြုံမှုဆိုင်ရာ အန္တရာယ်များကို လက်တွဲ ရင်ဆိုင် ဖြေရှင်းရန် တရုတ်နိုင်ငံက တိုက်တွန်းပါကြောင်း၊ ညီညွတ် ပွင့်လင်းပြီး ပကတိကျသော အင်တာနက် လုံခြုံရေး စံချိန် ထားရှိခြင်းသည် အပြုသဘောဆောင်သော တိုက်တွန်းချက် တစ်ရပ် ဖြစ်သည်ဟု မိမိတို့ ယူဆပါကြောင်း ယခုလ ၆ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

    မကြာမီက ပေါ်တူကီ ဝန်ကြီးချုပ်က၊ ဥရောပသမဂ္ဂနိုင်ငံများသည် လုံခြုံရေး စစ်ဆေးမှု ဟူသည်ကို အလွဲသုံးစားပြီး ဥရောပသမဂ္ဂအဖွဲ့ဝင် မဟုတ်သော နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှု အပေါ် အထင်သေးမှု မပြုလုပ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။ ဟွာဝေး ကုမ္ပဏီမှ တာဝန်ရှိ ပုဂ္ဂိုလ်များက၊ သက်ဆိုင်ရာနိုင်ငံများမှ အစိုးရများနှင့် လုပ်ငန်းကုမ္ပဏီများ အနေနှင့် ညီညွတ်ပြီး ပကတိကျသော အင်တာနက် လုံခြုံမှု စံချိန်စံနှုန်း ထားရှိရန် ပန်ကြားခဲ့ပါသည်။ (ကျော့)

   Webradio