• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကနေဒါ ကုမ္ပဏီ တစ်ခု၏ မုန်ညင်းစေ့ တရုတ်ပြည်သို့ တင်သွင်းမှုကို ယာယီ ရပ်စဲခြင်းသည် တရားနည်းလမ်းကျပြီး တရားဝင် ဖြစ်သည်ဟု လူခမ်း ဆို

(GMT+08:00) 2019-03-07 10:03:17

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ တရုတ် အကောက်ခွန်ဌာနသည် စည်းမျဉ်းဥပဒေနှင့် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအရ ကနေဒါ လုပ်ငန်းကုမ္ပဏီ တစ်ခု၏ မုန်ညင်းစေ့ တရုတ်ပြည်သို့ တင်သွင်းမှုကို ယာယီ ရပ်စဲခြင်းသည် တရားနည်းလမ်းကျပြီး တရားဝင် ဖြစ်ကြောင်း၊ တရုတ်အစိုးရသည် နိုင်ငံသားများ၏ ကျန်းမာရေး လုံခြုံမှုကို အာမခံပေးရန် လိုအပ်ပါကြောင်း ယခုလ ၆ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

လူခမ်းက၊ တရုတ် အကောက်ခွန်ဌာနသည် ကနေဒါမှ တင်သွင်းလာသော မုန်ညင်းစေ့ ထဲတွင် ထိခိုက် အန္တရာယ်ရှိသော သတ္တဝါမျိုးကို အကြိမ်ပေါင်းများစွာ တိုင်းတာ တွေ့ရှိခဲ့ရာ၊ ယင်းတို့ အနက် ကုမ္ပဏီ တစ်ခု၏ မုန်ညင်းစေ့ကို ကူးစက်ရောဂါ ဆိုင်ရာ တိုင်းတာမှု ပြုလုပ်ရာ၌ ပြင်းထန်သော ပြဿနာကို တွေ့ရှိခဲ့ကြောင်း ပြောကြားပါသည်။ (ကျော့)

   Webradio