• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အစိုးရလုပ်ငန်း အစီရင်ခံစာသည် ပြုပြင်ပြောင်းလဲမှုကို ဇောက်ချ တိုးချဲ့ ပြုလုပ်ရေး ဆိုင်ရာ ကျိုးကြောင်းညီမျှချက်များ ပေါ်လွင်စေသည်ဟု အစီရင်ခံစာ ရေးဆွဲရေး တာဝန်ခံ ဆို

(GMT+08:00) 2019-03-06 09:25:38

တရုတ် နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးသည် ယခုလ ၅ ရက်နေ့က အစိုးရ လုပ်ငန်း အစီရင်ခံစာ ရှင်းလင်းရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ပါသည်။ အစိုးရလုပ်ငန်း အစီရင်ခံစာ ရေးဆွဲရေးအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်၊ နိုင်ငံတော်ကောင်စီ သုတေသနရုံး ဥက္ကဋ္ဌ ဟွမ်ရှိုဟုန်က၊ အစိုးရလုပ်ငန်း အစီရင်ခံစာသည် ပြုပြင်ပြောင်းလဲမှုကို ဇောက်ချ တိုးချဲ့ ပြုလုပ်ရေး ဆိုင်ရာ ကျိုးကြောင်းညီမျှချက်များ ပေါ်လွင် လာစေကြောင်း ပြောကြားပါသည်။

၅ ရက်နေ့က တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး၌ စိစစ်ဆွေးနွေးရန် တင်သွင်းထားသော အစိုးရလုပ်ငန်း အစီရင်ခံစာတွင် "ပြုပြင်ပြောင်းလဲရေး" ဟူသော ဝေါဟာရမှာ ၁၀၅ ကြိမ် ပေါ်ထွက်ပြီး စံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရပါသည်။ (ကျော့)

   Webradio