• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂေဟစနစ် တည်ထောင်ရေးကို စွဲစွဲမြဲမြဲ အားဖြည့် ဆောင်ရွက်ရမယ်လို့ ရှီကျင့်ဖိန် ဆို

(GMT+08:00) 2019-03-06 09:23:09

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်ဟာ ဒီလ ၅ ရက်နေ့ ညနေပိုင်းက ၁၃ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေးရဲ့ အတွင်းမွန်ဂိုး ပြည်နယ် ကိုယ်စားလှယ်အဖွဲ့ စိစစ်ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တယ်လို့ ဆင်ဟွာ သတင်းအရ သိရပါတယ်။

ရှီကျင့်ဖိန်က၊ ဂေဟစနစ် တည်ထောင်ရေးကို စွဲစွဲမြဲမြဲ အားဖြည့် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ဂေဟစနစ် တည်ထောင်ရေးနဲ့ မြစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ချက် အဖြစ် ထားတဲ့ အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို စူးစမ်းရမှာ ဖြစ်ကြောင်း၊ ဂေဟစနစ် ထိန်းသိမ်းကာကွယ်ရေးကို တွန်းအားပေးပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြုပြင်ရေး လုပ်ငန်းကို ကောင်းအောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ အစိုးရလုပ်ငန်း အစီရင်ခံစာမှာ ခေတ်သစ်မှာ တရုတ် ထူးခြားချက် ဝိသေသ ပါရှိတဲ့ ဆိုရှယ်လစ် အတွေးအခေါ်နဲ့ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ အစည်းအဝေးရဲ့ ရည်မှန်းချက် ကြောင်းများကို ဖေါ်ပြ ထားတဲ့အပြင် ပါတီ ဗဟိုကော်မတီရဲ့ ဒီနှစ် လုပ်ငန်းများ ဆိုင်ရာ အထွေထွေ စီမံချက်တွေကိုလည်း ဖေါ်ပြထားကာ မိမိ အနေနဲ့ အစီရင်ခံစာကို ထောက်ခံကြောင်းလည်း ပြောကြားပါတယ်။

စိစစ်ဆွေးနွေးပွဲမှာ ကိုယ်စားလှယ် ၈ ဦးတို့ဟာ အရပ်ဘက် စီးပွါးရေး တိုးတက်ရေး၊ ဆင်းရဲမှု လျှော့ချရေး၊ ခေတ်မီ စွမ်းအင် လုပ်ငန်းစနစ် ထူထောင်ရေး စတာတွေနဲ့ ပတ်သက်ပြီး အမြင်သဘောထားများကို ဖေါ်ပြခဲ့ကြပါတယ်။ (ကျော့)

   Webradio