• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေး ဖွင့်လှစ်၊ ၂၀၁၉ နိုင်ငံရေး စီမံကိန်း ထုတ်ပြန်

(GMT+08:00) 2019-03-05 13:52:16

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးကို ယခုလ ၅ ရက်နေ့ နံနက်ပိုင်းက ပီကင်းတွင် ဖွင့်လှစ်လိုက်သည်။ တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည်၊ ၂၀၁၈ခုနှစ် အစိုးရလုပ်ငန်းအစီရင်ခံစာကို တင်သွင်းပြီး၊ ယခုနှစ်အစိုးရလုပ်ငန်းဆိုင်ရာ စီမံကိန်းများကို အစည်းအဝေး၌ စိစစ်ရန် တင်သွင်းပါသည်။

လီခေ့ချန်က၊ တရုတ်ပြည်သည် ယခုနှစ် GDP ၏ တိုးတက်မှုနှုန်းခန့်မှန်းချက်ကို ၆ ရာခိုင်နှုန်းမှ ၆.၅ ရာခိုင်နှုန်းအထိ သတ်မှတ်ထားကြောင်း၊ ယခုနှစ်တွင် တရုတ်ဖွံ့ဖြိုး တိုးတက်မှုရင်ဆိုင်နေရသော ပတ်ဝန်းကျင်မှာ ပိုမိုတင်းမာသော်လည်း၊ စီးပွားရေး ရေရှည်တိုးတက်ရန် အရှိန်ပြောင်းလဲမည်မဟုတ်ကြောင်း ဖော်ပြပါသည်။

လီခေ့ချန်က၊ စီးပွါးရေး လည်ပတ်မှု အခြေအနေကို တရားနည်းလမ်းကျသည့် ဘောင်တွင်း၌ ထိန်းသိမ်းနိုင်ရန်အတွက် ယခုနှစ်တွင် တရုတ်နိုင်ငံသည် တက်ကြွသော ဘဏ္ဍာရေး မူဝါဒနှင့် ပုံမှန် တည်ငြိမ်သော ငွေကြေးမူဝါဒကို ကျင့်သုံးမည် ဖြစ်ကြောင်း၊ ယင်းတို့အနက် လိုငွေပြမှုနှုန်းကို ၂့ ၈ ရာခိုင်နှုန်းခန့် ရှိအောင် စီစဉ်ပေးမည် ဖြစ်ပြီး လွန်ခဲ့သည့်နှစ်က ဘတ်ဂျက်ထက် ၀့ ၂ ရာခိုင်နှုန်း တိုးသွားမှာ ဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် ငွေလဲနှုန်း ဖြစ်တည်ရေးစနစ် ပိုမို ပြည့်စုံ ကောင်းမွန်လာအောင်လည်း ဆောင်ရွက်မည် ဖြစ်ကြောင်းပြောကြားပါသည်။

လီခေ့ချန်က၊ ယခုနှစ်တွင် တရုတ်အစိုးရသည် အတိုင်းအတာ ပိုမို ကြီးမားစွာ အခွန်လျှော့ချပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်းနှင့် အသေးစား ကမ္ပဏီများ၏ အခွန်ကို အဓိကထား လျှော့ချမည်ဖြစ်ကြောင်း၊ VAT ပြုပြင်ပြောင်းလဲမှုကို ပိုမို နက်ရှိုင်းစွာ ဆောင်ရွက်ပြီး ကုန်ထုတ်လုပ်မှုလုပ်ငန်း အခွန်နှုန်းကို လက်ရှိ ၁၆ ရာခိုင်နှုန်းမှနေ ၁၃ ရာခိုင်နှုန်းအထိ လျှော့ချမည်ဖြစ်ကြောင်း၊ အဓိက လုပ်ငန်းများမှ အခွန်ကို ထင်ရှားစွာ လျှော့ချပြီး လုပ်ငန်းအားလုံးမှ အခွန်မှာ တိုးသွားမည် မဟုတ်ဘဲ နည်းသွားမည်သာ ဖြစ်ကြောင်း၊ အထူးသဖြင့် အသေးစား လုပ်ငန်းကုမ္ပဏီများ၏ အခွန်အခများကို လက်တွေ့ကျကျ လျှော့ချပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

လီခေ့ချန်က၊ ၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံသည် နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု ဆွဲဆောင်ရန် အားဖြည့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ဈေးကွက်ဝင်ခွင့်စနစ် ပိုမို ချောင်လည်အောင် ဆောင်ရွက်မည် ဖြစ်ပြီး ပိုမို များပြားသော လုပ်ငန်းနယ်ပယ်များတွင် နိုင်ငံခြား ငွေရင်း သပ်သပ်ဖြင့် လုပ်ကိုင်ရန် ခွင့်ပြုမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ စီးပွါး ကုန်သွယ်ရေး လုပ်ထုံးလုပ်နည်းများနှင့် ချိတ်ဆက်မှုကို တိုးမြှင့်မည် ဖြစ်ပြီး ပြည်တွင်း ငွေရင်းမြှုပ်နှံမှုနှင့် နိုင်ငံခြား ငွေရင်းမြှုပ်နှံမှု တန်းတူရည်တူ၊ တရားမျှတစွာ ယှဉ်ပြိုင်သော ဈေးကွက် ပတ်ဝန်းကျင် ဖြစ်တည်လာအောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio