• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိုင်ဝမ်ပြည်နယ်ကောရွှန်မြို့တော်ဝန်သည် ကိုယ်စားလှယ်အဖွဲ့ဦးဆောင်ပြီး တရုတ်ပြည်မကြီးသို့ ခရီးလှည့်လည်ရန်စီစဉ်

(GMT+08:00) 2019-03-05 10:30:42

ယခုလ ၄ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီထိုင်ဝမ်ရေးရာရုံးမှ ပြောရေးဆိုခွင့်ရှိသူ အန်ဖုန်းဆန်းက  ထိုင်ဝမ်ပြည်နယ်ကောရွှန်မြို့တော်ဝန် ဟန်ကိုယူသည် မတ်လ၂၂ရက်နေ့မှ ၂၈ရက်နေ့အထိ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ပြီး ဟောင်ကောင်ဒေသ၊ မကာအိုဒေသ၊ ရှိန်ကျင့်မြို့နှင့် ရှာမင်မြို့စသည်တို့သို့ ခရီးလှည့်လည်ပြီး ကူးလူးဖလှယ်ရန်စီစဉ်ကြောင်း၊ မိမိတို့သည် " ၁၉၉၂ခုနှစ်သဘောတူညီမှု"ကို အခြေခံသော ရေလက်ကြားနှစ်ဖက်ကမ်း ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆို၍ နှစ်ဖက်ကမ်း ပြည်သူလူထုများ အတွက် အတူအကျိုးဆောင်လို ကြောင်းပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio