• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် အစည်းအဝေး တက်ရောက် နေသော အနုပညာနှင့် လူမှု သိပံ္ပပညာ ဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံ

(GMT+08:00) 2019-03-05 08:33:50

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၄ ရက်နေ့ ညနေပိုင်းက ၁၃ ကြိမ်မြောက် တရုတ် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ ဒုတိယ အကြိမ် အစည်းအဝေးသို့ တက်ရောက်နေသော အနုပညာ၊ လူမှု သိပံ္ပပညာ ဆိုင်ရာ ကော်မတီဝင်များနှင့် တွေ့ဆုံပြီး ၄င်းတို့၏ အဆိုပြုချက်များကို ကြားနာခဲ့ကြောင်း စီစီတီဗီ ဝက်ဘဆိုဒ်မှ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ ခေတ်သစ်တွင် ထူးချွန်သော စာရေးဆရာ၊ အနုပညာရှင်နှင့် အယူဝါဒ ပုဂ္ဂိုလ်များ လိုအပ်သဖြင့် အနုပညာနှင့် သုတေသန လုပ်ငန်းနယ်ပယ်၌ ကျယ်ပြန့်သော အလားအလာ ရှိပါကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်စိတ် ပြတ်ပြတ်သားသားရှိပြီး၊ ခေတ်ရေစီးကြောင်းနှင့် တစ်ပြေးညီ ထားကာ၊ ခေတ် အသံကို ကြားနာရမည် ဖြစ်ကြောင်း၊ ခေတ်နှင့် တစ်ပြေးညီ ဖြစ်ရန်၊ ပြည်သူများကို ဗဟို အဖြစ် ထားရန်၊ ပြည်သူများအား အနှစ်သာရကျသည့် အနုပညာ လက်ရာများဖြင့် ဝန်ဆောင်မှုပေးရန်နှင့် အကျင့်စာရိတ္တ ထွန်းကားအောင် ရှေ့ဆောင် လမ်းပြပေးရန် စွဲကိုင်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

ရှီကျင့်ဖိန်သည် ကော်မတီဝင်များ၏ စကားများကို ကြားနာပြီးနောက်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကိုယ်စား၊ ကော်မတီဝင်များ၊ ယဉ်ကျေးမှုနှင့် အနုပညာရှင်များ၊ အဘိဓမ္မာ လူမှု သိပံ္ပပညာ ဝန်ထမ်းများအား စိတ်ရင်းစေတနာနှင့် နှုတ်ခွန်း ဆက်သ ပါသည်။

ရှီကျင့်ဖိန်က၊ ၂၀၁၈ ခုနှစ်သည် ထူးကဲသော နှစ် တစ်နှစ်ပင် ဖြစ်ကြောင်း၊ "နှစ် ၁၀၀ နှစ်ခု" ကြိုးပမ်းဆောင်ရွက်ရေး လမ်းကြောင်းပေါ်တွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ပါတီတစ်ရပ်လုံးနှင့် တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံမှ ပြည်သူများကို ဦးဆောင်ပြီး၊ တည်ငြိမ်မှုထဲတွင် တိုးတက်မှု ရှာကြံရေး အခြေခံမူကို စွဲကိုင်ကာ၊ စီးပွါးရေး တိုးတက်မှုကို တရားနည်းလမ်းကျသည့်ဘောင်တွင်း၌ ထိန်းသိမ်း နိုင်သည့် အပြင် လူမှုရေး အခြေအနေ တည်ငြိမ်အောင်လည်း ထိန်းသိမ်း နိုင်ခဲ့ကြောင်း၊ ယင်းတို့သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အားကောင်းသော ခေါင်းဆောင်ခြင်း၏ အောင်ကျိုးရလဒ်များ ဖြစ်သည့်အပြင် တစ်ပြည်လုံး တိုင်းရင်းသား ပေါင်းစုံတို့ သွေးစည်းညီညွတ်ပြီး ကြိုးပမ်းဆောင်ရွက်ခြင်း၏ အောင်ကျိုးရလဒ်လည်း ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ ယဉ်ကျေးမှုနှင့် အနုပညာ လုပ်ငန်းများ၊ အဘိဓမ္မာ လူမှု သိပံ္ပပညာ လုပ်ငန်းများသည် အကျင့်တရား မွေးထုတ်ရေးဆိုင်ရာ လုပ်ငန်းပင် ဖြစ်ပြီး၊ ပါတီနှင့် နိုင်ငံတော် လုပ်ငန်း တစ်ခုလုံးတွင် လွန်စွာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ကာ၊ ခေတ်သစ်တွင် တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်တွင် လွန်စွာ အရေးကြီးပါကြောင်း၊ ယင်းနှင့် ပတ်သက်ပြီး ယဉ်ကျေးမှု၊ အနုပညာနှင့် လူမှု သိပံ္ပပညာ ဆိုင်ရာ ကော်မတီဝင်များသည် လုပ်ငန်း များစွာ ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ ပြည်သူများကို ဗဟိုအဖြစ် ထားခြင်းကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ ရှေ့သို့ ချီးတက်စဉ်၌ ဖြစ်ပေါ်လာသော အန္တရာယ် စိန်ခေါ်မှုများကို ကျော်လွှားပြီး တရုတ် ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကိုယ်စားလှယ်များ ညီလာခံမှ ချမှတ်သော မွန်မြတ်သည့် စီမံကိန်းများ ချောမောစွာ ဖေါ်ဆောင်လာအောင် ကြိုးပမ်းရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ရှီကျင့်ဖိန်က၊ ကော်မတီဝင်များ အနေနှင့် မိမိကိုယ်တိုင်၏ အရည်အချင်းကို အဆက်မပြတ် တိုးမြှင့်ပြီး၊ ဘက်အသီးသီး၌ ရှေ့ဆောင် လမ်းပြကာ၊ ထမ်းဆောင်သင့်သော တာဝန်ဝတ္တရားများကို ထိရောက်စွာ ထမ်းဆောင်နိုင်ရန် မျှော်လင့်ကြောင်းလည်း ပြောကြားပါသည်။

   Webradio