• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်သည် နှစ်ဖက်ကမ်း ဒီမိုကရေစီနည်းလမ်းကျကျ ဆွေးနွေးမှုတွင် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်သည်ဟု ကိုဝေ့မင်ဆို

(GMT+08:00) 2019-03-03 13:10:30

     ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော် မတီ ဒုတိယအကြိမ်အစည်းအဝေးမှ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ယခုလ ၂ ရက်နေ့က ပေကျင်း၌ ကျင်းပခဲ့သည်။ အစည်းအဝေးမှ ပြောရေးဆိုခွင့်ရှိသူ ကိုဝေ့မင်က ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်သည် ဒီမိုကရေစီနည်းလမ်းကျကျ တိုင်ပင် ဆွေးနွေးသည့် အရေးကြီးလမ်းကြောင်းနှင့် သီးသန့်တိုင်ပင်ဆွေးနွေးရေးအဖွဲ့အစည်းဖြစ်ပြီး နှစ်ဖက်ကမ်း ဒီမိုကရေစီနည်းလမ်းကျကျ တိုင်ပင်ဆွေးနွေးမှုတွင် အရေးကြီးသော အခန်း ကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်သည်ဟု ပြောကြားကြောင်း စီအာအိုင်သတင်း အရသိရသည်။

   Webradio