• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန်တို့သည် အပြန်အလှန်အကျိုးရှိစေရေးသဘောတူညီချက် အမြန်ဆုံးရရှိခြင်းသည် ကမ္ဘာ့စီးပွားရေးအတွက် အကျိုးရှိသည်ဟု ကိုဝေ့မင်ဆို

(GMT+08:00) 2019-03-03 13:08:16

     ၁၃ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော် မတီ ဒုတိယအကြိမ်အစည်းအဝေးမှ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ယခုလ ၂ ရက်နေ့က ပေကျင်း၌ ကျင်းပခဲ့သည်။ အစည်းအဝေးမှ ပြောရေးဆိုခွင့်ရှိသူ ကိုဝေ့မင်က လက်ရှိ တရုတ်-အမေရိကန်ဆက်ဆံရေးသည် သော့ချက်ကျအချိန်တွင် တည်ရှိနေကြောင်း၊ တရုတ်နှင့်အမေရိကန်တို့ အပြန်အလှန်အကျိုးရှိစေရေးသဘော တူညီချက် အမြန်ဆုံးရရှိခြင်းသည် နှစ်ဖက်အတွက် အကျိုးရှိရုံသာမက ကမ္ဘာ့စီးပွားရေးအတွက်လည်း သတင်းကောင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင်သတင်းအရသိရသည်။

   Webradio