• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်က တရုတ်ပြည်၏ အလေအလွင့်ဖြစ်နေသည့် ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်း ၃၆၁ ထည် ပြန်ပေးခြင်းကို တရုတ် ချီးကျူး

(GMT+08:00) 2019-03-02 10:17:55

အမေရိကန်က စောစောပိုင်းအချိန်တွင် ဖမ်းဆီးရမိသော တရုတ်ပြည်၏ အလေအလွင့် ဖြစ်နေသည့် ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်း ၃၆၁ ထည်ကို တရုတ် အစိုးရအား လွှဲပြောင်းပေးအပ်ခြင်းကိစ္စနှင့် ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ တရုတ်နိုင်ငံသည် ယင်းကို ချီးကျူးပါကြောင်း ယခုလ ၁ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

လူခမ်းက၊ တရုတ်နှင့် အမေရိကန်တို့သည် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် အမေရိကန်၌ အထက်ပါ တရုတ် ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်းများ လွှဲပြောင်းပေးအပ်ရေး အခမ်းအနားကို ကျင်းပခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

   Webradio