• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကွန်မြူနစ်ပါတီ ပညာသင်တန်းကျောင်း ကေဒါခေါင်းဆောင် သင်တန်း၌ မိန့်ခွန်း ပြောကြား

(GMT+08:00) 2019-03-02 10:07:56

၂၀၁၉ ခုနှစ် နွေဦးရာသီ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကွန်မြူနစ်ပါတီ ပညာသင်တန်းကျောင်းမှ သက်လတ်ပိုင်းအရွယ်နှင့် လူငယ် ကေဒါခေါင်းဆောင်များ သင်တန်းကို ယခုလ ၁ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ရာ၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး၊ နိုင်ငံတော် ဥက္ကဋ္ဌ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် သင်တန်းဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ရှီကျင့်ဖိန်က၊ ကေဒါခေါင်းဆောင်များ အထူးသဖြင့် သက်လတ်ပိုင်းအရွယ်နှင့် လူငယ် ကေဒါခေါင်းဆောင်များ အနေနှင့် အယူဝါဒနှင့် သဘောတရား ပညာ အရည်အချင်းကို အားဖြည့် တိုးမြှင့်ရမည် ဖြစ်ကြောင်း၊ အသိ ရှိရှိဖြင့် ထမ်းဆောင်သင့်သော တာဝန် ဝတ္တရားများကို ထမ်းဆောင်ရမည် ဖြစ်ကြောင်း၊ ပါတီ အပေါ် သစ္စာရှိပြီး ပြည်သူပြည်သားများ အပေါ် ကျေးဇူးတင်စိတ်ကို ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ လုပ်ငန်း ဆိုင်ရာ စိတ်အားကို ထိန်းသိမ်းထားပြီး တရားဥပဒေကို လိုက်နာ စောင့်စည်းရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

   Webradio