• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်နှင့် မြောက်ကိုးရီးယားခေါင်းဆောင်တို့ကြား သဘောတူညီမှု မရရှိခဲ့ခြင်းအပေါ် တောင်ကိုးရီးယားက ဝမ်းနည်းကြောင်း ဖော်ပြ

(GMT+08:00) 2019-03-01 14:59:31

      တောင်ကိုးရီးယားနိုင်ငံ သမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကင်အွီကီယံက ဟနွိုင်းမြို့ တွေ့ဆုံဆွေးနွေးပွဲတွင် အမေရိကန်နှင့် မြောက်ကိုးရီးယား နှစ်နိုင်ငံခေါင်းဆောင်တို့ကြား သဘောတူညီမှု မရရှိခဲ့ခြင်းအပေါ် တောင်ကိုးရီးယားဖက်က ဝမ်းနည်းမိကြောင်း၊ သို့သော် ယင်းအကြိမ် တွေ့ဆုံဆွေးနွေးပွဲတွင် အဓိပ္ပါယ်ပါရှိသည့် တိုးတက်မှုရရှိခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖော်ပြခဲ့သည်။ ထိုနေ့ကပင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဇာဟာရိုဗါက ဝါရှင်တန်နှင့် ပြုံယမ်းနှစ်ဖက်တို့အနေနှင့် ဆက်လက်စေ့စပ် ဆွေးနွေးကြရန် မော်စကိုဖက်မှ ထောက်ခံကြောင်း ဖော်ပြခဲ့သည်ဟု စီအာအိုင်သတင်းအရ သိရသည်။

   Webradio