• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုစာချုပ် မြန်မာ လွှတ်တော် အတည်ပြု

(GMT+08:00) 2019-03-01 14:58:54

    မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော်သည်၊ တရုတ် ဟောင်ကောင်အထူးအုပ်ချုပ်ရေး ဒေသအစိုးရနှင့် အာဆီယံတို့မှ ယခင်က ချုပ်ဆိုခဲ့ကြသည့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်နှင့် သက်ဆိုင်ရာရင်နှီးမြှုပ်နှံမှုစာချုပ်များကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ က အတည်ပြုခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

မြန်မာနိုင်ငံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒု ၀န်ကြီး ဦးဆက်အောင်က တရုတ်ပြည်ဟောင်ကောင်သည်၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် အဓိကဖိတ်ခေါ်သည့် ဒေသတစ်ခုဖြစ်ကြောင်း၊  သက်ဆိုင်ရာစာချုပ်များကို မြန်မာနိုင်ငံမှ အတည်ပြုခြင်းသည်၊  ရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်သတ်ချက်များ လျော့နည်း စေရန်၊ ရင်းနှီးမြှုပ်နှံမှုများကို အားသစ်လောင်းပေးရန်နှင့် နိုင်ငံခြားမှ မြန်မာသို့ လာရောက် ရင်းနှီးမြှုပ်နှံဖို့ ဆွဲဆောင်ရန်အတွက် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ထိုနေ့က လွတ်တော်၌ ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

                                           
   Webradio