• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအုပ်ချုပ်ရေးမှူး Lam Cheng Yuet-ngorနှင့် ထိုင်းဝန်ကြီးချုပ်တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2019-03-01 14:26:32

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူးLam Cheng Yuet-ngorသည် ဖေဖော်ဝါရီလ ၂၈ရက်နေ့က ဘန်ကောက်မြို့တွင် ထိုင်းဝန်ကြီးချုပ် ပရာယွတ်နှင့် တွေ့ဆုံနှုတ်ဆက်၍ ဘန်ကောက်မြို့ဆိုင်ရာ ဟောင်ကောင်စီးပွားကုန်သွယ်ရေးရုံးဌာန ဖွင့်လှစ်ခြင်းအခမ်းအနားနှင့် စီးပွားကုန်သွယ်ရေး ဆွေးနွေးပွဲစသော လှုပ်ရှားမှုများသို့ တက်ရောက်ခဲ့ကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

       Lam Cheng Yuet-ngorသည် ပရာယွတ်နှင့် တွေ့ဆုံရာတွင် ၂၀၁၇ခုနှစ်က ဟောင်ကောင်နှင့် အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးစာချုပ်နှင့် သက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံရေးစာချုပ်များကို ချုပ်ဆိုခဲ့ကြောင်း၊ ၎င်းစာချုပ်များကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ထိုင်းနိုင်ငံက ဆက်လက်အားပေး ထောက်ခံရန်၊ ဟောင်ကောင်နှင့် ထိုင်းအပါအဝင် အာဆီယံနိုင်ငံများအကြား စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ဟောင်ကောင်နှင့် ထိုင်းအကြား ခရီးသွားလာရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ဆန်းသစ်တီထွင်ရေးနှင့် ဒီဇိုင်းအသစ်ရေးဆွဲရေးလုပ်ငန်းစသော နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် မျှော်လင့်ကြောင်းပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio