• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယားနှင့် အမေရိကန်တို့အနေနှင့် ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရန် တရုတ်မျှော်လင့်

(GMT+08:00) 2019-03-01 14:13:17

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ လူခန်းက မြောက်ကိုးရီးယားနှင့် အမေရိကန် နှစ်ဖက်တို့အနေနှင့် ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ပြီး တရားနည်းကျသော အာရုံစိုက်မှုများကို အပြန်အလှန် လက်တွေ့ကျကျ လေးစားထောက်ထားကာ ကိုးရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့စေရေးနှင့် ငြိမ်းချမ်းရေးစနစ် ထူထောင်ရေးကို လက်တွဲ တွန်းအားပေးကြရန် တရုတ်ပြည်ဘက်မှ မျှော်လင့်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio