• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နှင့်ကမ္ဘောဒီးယား နှစ်နိုင်ငံတပ်မတော်တို့သည် မတ်လတွင် "ရွှေနဂါး-၂၀၁၉" ပူးတွဲ စစ်ရေးလေ့ကျင့်ပွဲကို ကျင်းပမည်

(GMT+08:00) 2019-03-01 13:12:20

တရုတ် နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ တပ်မတော်တို့သည် မတ်လတွင် "ရွှေနဂါး-၂၀၁၉" ပူးတွဲ စစ်ရေးလေ့ကျင့်ပွဲကို ကျင်းပမည်ဟု တရုတ်နိုင်ငံတော် ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ရိမ်ကိုချန်က ဖေဖေါ်ဝါရီလ ၂၈ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

နှစ်ဖက်တို့ ရရှိခဲ့ကြသော သဘောတူညီချက်အရ တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ တပ်မတော်တို့သည် မတ်လ ၁၀ရက်နေ့မှ ၂၇ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ခမ်ဖိုပြည်နယ်ရှိ အထွေထွေ လေ့ကျင့်ကွင်း၌ "ရွှေနဂါး-၂၀၁၉" ပူးတွဲ စစ်ရေးလေ့ကျင့်ပွဲကို ကျင်းပမည်ဟု သိရကြောင်း၊ ပူးတွဲလေ့ကျင့်ပွဲကို ကျင်းပခြင်းသည် တရုတ်နှင့် ကမ္ဘောဒီးယား နှစ်နိုင်ငံ တပ်မတော်၏ ချစ်ကြည်ရေးအစဉ်အလာကို တိုးမြှင့်ပြီး လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ အကြမ်းဖက်မှု ပူးတွဲတိုက်ဖျက်ရေးစွမ်းရည်ကို တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း ရိမ်ကိုချန်က ပြောကြားပါသည်။

   Webradio