• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အိန္ဒိယတိုက်လေယာဉ်တစ်စင်းကို ပါကစ္စတန်ပစ်ချ

(GMT+08:00) 2019-02-28 15:18:45

ယခုလ၂၇ရက်နေ့ညနေ့က အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌါနမှ ပြောရေးဆိုခွင့်ရှိသူ ကူမာလ်က ထိုနေ့နံနက်ပိုင်းက ပါကစ္စတန်သည် အိန္ဒိယလေတပ်မှ တိုက်လေယာဉ်MiG-၂၁ကို ပစ်ချခဲ့သည့်အတွက် အိန္ဒိယလေယာဉ် မောင်းသူတစ်ဦးသည် ပျောက်ဆုံးနေကြောင်း အတည်ပြုခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

  ထိုနေ့တွင်ပင် ပါကစ္စတန်ကြည်းရေလေတပ်ပြန်ကြားရေးရုံးက ပါကစ္စတန်လေတပ်သည် ထိုနေ့နံနက်ပိုင်းက ပါကစ္စတန်ကောင်းကင်ပိုင်နက်၌ ကက်ရှ်မီးယားအိန္ဒိယနှင့် ပါကစ္စတန်ထိန်းချုပ်ရေးမျဉ်းကြောင်းဖြတ်ကျော်ပြီးကျူးကျော်လာသော အိန္ဒိယ တိုက်လေယာဉ်၂စင်းကို ပစ်ချပြီး ပါကစ္စတန်ထိန်းချုပ်သော ကက်ရှ်မီးယားဒေသ၌ ကျဆင်းသော အိန္ဒိယလေတပ်လေယာဉ်မောင်းသူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်ဟု သတင်းအရသိရပါသည်။

   Webradio