• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ်ခေါင်းဆောင်များနှင့်ကန်သမ္မတထရန့်တို့ တွေ့ဆုံ

(GMT+08:00) 2019-02-28 14:48:25

ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌ Nguyen Phu Throng၊ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc တို့သည် ယမန်နေ့ ၂၇ ရက်နေ့က ဟနွိုင်းမြို့တော်အမေရိကန်သမ္မတ ထရန့်နှင့် အသီးသီးတွေ့ဆုံနှုတ်ဆက်ခဲ့ ကြကြောင်း တရုတ်သတင်းဌာနမှ သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ၂၇ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် ဥက္ကဋ္ဌ Nguyen Phu Throng နှင့် ထရန့်တို့သည် ဗီယက်နမ်သမ္မတရုံးတွေ့ဆုံခဲ့ကြောင်း၊ ထို့နောက်တွင် နှစ်ဦးတို့က ဗီယက်နမ် VietJet Air နှင့် Bamboo Airways လေကြောင်းကုမ္ပဏီများနှင့် အမေရိကန် သက်ဆိုင်ရာ လုပ်ငန်းကုမ္ပဏီများက ဝယ်ယူခြင်း၊ နည်းပညာဆိုင်ရာ ထိန်းသိမ်းပြုပြင်ခြင်း နှင့်ပတ်သက်၍ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးချုပ်ဆိုပွဲကို အတူတူ တက်ရောက် ခဲ ကြကြောင်း သတင်းရရှိပါသည်။

   Webradio