• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗင်နီဇွဲလားပြဿနာကို ကောင်းမွန်သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် ကုလ လုံခြုံရေးကောင်စီက ပန်ကြား

(GMT+08:00) 2019-02-28 13:08:54

၂၆ရက်နေ့က အမေရိကန်၏ တောင်းဆိုချက်အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ သည် ဗင်နီဇွဲလား ပြဿနာနှင့်ပတ်သက်၍ တံခါးဖွင့်အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ ယင်းအစည်းအဝေးသို့ တက်ရောက်သော ကိုယ်စားလှယ်များသည် ဗင်နီဇွဲလားပြဿနာ အပေါ် မည်သို့ သဘောထားမည်နည်း၊ မည်သို့ ကိုင်တွယ်ဖြေရှင်းမည်နည်း ဆိုပြီး သဘောကွဲလွဲကြသော်လည်း သက်ဆိုင်ရာ ပြဿနာကို ကောင်းမွန်သင့်လျော်စွာ ကိုင်တွယ် ဖြေရှင်းရမည်ဟု အသီးသီးဖော်ပြကြောင်း၊ စစ်ရေးနည်းလမ်းဖြင့် ဗင်နီဇွဲလား ပြည်တွင်း ရေးရာကို ဝင်စွက်ရန် ပြတ်ပြတ်သားသား ကန့်ကွက်သည်ဟု တရုတ်ကိုယ်စားလှယ်က ရပ်တည်ချက်ကို ဖော်ပြကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

   Webradio