• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဓါတ်ပုံများ ပေးပို့ကြဖို့ ဖိတ်ခေါ်တဲ့ လှုပ်ရှားမှု တရားဝင် စတင်

(GMT+08:00) 2019-02-28 16:25:02

ဒီလ ၂၈ ရက်နေ့က စီအာအိုင် အွန်လိုင်း ဦးစီးပြုလုပ်တဲ့ we are one ဓါတ်ပုံများ ပေးပို့ကြဖို့ ဖိတ်ခေါ်တဲ့ လှုပ်ရှားမှု တရားဝင် စတင်ခဲ့တယ်။ စီအာအိုင် အွန်လိုင်းဟာ ဘာသာ မျိုးစုံ မီဒီယာသစ် ပလက်ဖေါင်းများ၊ လူမှုကွန်ရက်နဲ့ နိုင်ငံခြား ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်းများကနေ တစ်ကမ္ဘာလုံး မိတ်ဆွေများအား ဓါတ်ပုံများ ပေးပို့ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီအကြိမ် လှုပ်ရှားမှုရဲ့ ရည်ရွယ်ချက်ဟာ ဓါတ်ပုံများနဲ့ Belt and Road တည်ထောင်ရေး အောင်ကျိုးရလဒ်များနဲ့ ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး၊ တံခါးဖွင့် သက်ညှာထောက်ထားရေး၊ အပြန်အလှန် အတုယူ ကိုးကားရေး၊ အပြန်အလှန် အကျိုးရှိစေရေးတို့ကို အမြုတေ အဖြစ် ထားတဲ့ ပိုးလမ်းမကြီး စိတ်ဓါတ်ကိုပြသဖို့၊ Belt and Road ကမ်းလှမ်းချက် ဆောင်ကြဉ်းလာတဲ့ ပြောင်းလဲမှုသစ်များ ပေါ်လွင် လာစေဖို့နဲ့ တရုတ်ပြည်သူများနဲ့ Belt and Road တစ်လျှောက်မှ နိုင်ငံများက ပြည်သူများနဲ့ ချစ်ကြည်ရေး ကူးလူးဆက်ဆံမှု၊ ယဉ်ကျေးမှု ကူးလူးဖလှယ်မှုနဲ့ ချစ်ကြည်ရေး သံယောဇဉ်၊ သက်ဆိုင်ရာ နိုင်ငံများမှ ဓလေ့စရိုက်များကို မှတ်တမ်းပြုဖို့ ဖြစ်ပါတယ်။

လှုပ်ရှားမှုကို ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ကနေ ဧပြီလ ၁၀ ရက်နေ့အထိ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့ကနေ မတ်လ ၂၈ ရက်နေ့အထိ ဓါတ်ပုံများ ပေးပို့ နိုင်မှာ ဖြစ်ပြီး မတ်လ ၂၉ ရက်နေ့ကနေ ဧပြီလ ၉ ရက်နေ့အထိ ပဏာမ ရွေးချယ်မှု၊ အင်တာနက်မှာ မဲပေးမှု၊ ပါရဂူများ ဆုရဓါတ်ပုံများ ရွေးချယ်မှုကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဧပြီလ ၁၀ ရက်နေ့မှာ ဆုရတဲ့ ရလဒ်ကို တရားဝင် ထုတ်ပြန်မှာ ဖြစ်ပါတယ်။

မိတ်ဆွေများက ဓါတ်ပုံတွေကို လှုပ်ရှားမှု စည်းရုံးသူရဲ့ အီးမေး  withyou2019@qq.com သို့ ပို့ပေးပါ။ ဒါမှမဟုတ်ရင် CRI Myanmar facebook ကို tag  တွဲပြီး ဓါတ်ပုံတွေ ပို့ပေးပါ။ အသေးစိတ်ကိစ္စရပ်တွေကို www.cri.cn/withyou တင်ပြီး ဖတ်ရှု နိုင်ပါတယ်။

မိတ်ဆွေများရဲ့ ဓါတ်ပုံတွေနဲ့ ပေါင်းသင်းဆက်ဆံမှုနဲ့ အကျိုးတူ ဖွံ့ဖြိုး တိုးတက်ရေး ဖြစ်စဉ်ကို မှတ်တမ်းပြုကြပါစို့။ မိတ်ဆွေများရဲ့ ကင်မရာနဲ့ ရိုက်ကူးတာဟာ ၂၁ ရာစုမှာ လူသားများ ချစ်ကြည်ရေး ကူးလူးဆက်ဆံမှုသမိုင်းပဲ ဖြစ်ပါလိမ့်မယ်။

   Webradio