• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အစည်းအဝေးကို တရုတ်နှင့် ဥရောပသမဂ္ဂတို့က ပထမအကြိမ် ပူးတွဲကျင်းပ

(GMT+08:00) 2019-02-27 16:00:20

      တရုတ်နှင့် ဂျီနီဗါဆိုင်ရာ ဥရောပသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်အဖွဲ့တို့သည်၊ ယခုလ ၂၆ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၄၀ မြောက်အဆင့်မြင့် အစည်းအဝေးကျင်းပသည့် အတောအတွင်း၊ ဂျီနီဗါမြို့၌ (မသန်စွမ်းသူများအခွင့်အရေး စာချုပ်)၏ အရေးကြီးအဓိပ္ပါယ် ဟူသော ခေါင်းစဉ်ဖြင့် အစည်းအဝေးတစ်ရပ်ကို ပူးတွဲ ကျင်းပခဲ့ကြကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ကုလသမဂ္ဂ ဂျီနီဗါ ဌာနရုံးနှင့် ဆွစ်ဇာလန်ရှိ အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ်အမြဲတမ်းကိုယ်စားလှယ် ယွီကျန့်ဟွာက၊ တရုတ်ကွန်မြူနစ်ပါတီနှင့် တရုတ်အစိုးရ သည်၊ မသန်စွမ်းသူရေးရာလုပ်ငန်းများအပေါ် အလွန်အလေးထားကြောင်း ပြောကြားခဲ့ သည်ဟု သတင်းအရသိရသည်။

   Webradio