• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန်၊ တရုတ်လူငယ်များအနေနှင့် ၂ နိုင်ငံချစ်ကြည်ရေးဆက်ဆံမှုအတွက် တက်ကြွစွာ စွမ်းဆောင်မှုပြုကြရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက မှာကြား

(GMT+08:00) 2019-02-27 15:59:33

ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကိုနိုက ဂျပန်၊ တရုတ်လူငယ်များအနေနှင့် နှစ်နိုင်ငံ ဆက်ဆံမှုဖွံ့ဖြိုးစေရန် ကြီးမားသော တာဝန် ထမ်းဆောင်လျက်ရှိကြသဖြင့်၊ ပိုမိုများပြား သော ကူးလူးဖလှယ်မှုနှင့် နားလည်မှုလိုအပ်ပြီး၊ ဂျပန်-တရုတ်ချစ်ကြည်ရေးအတွက် အတူကြိုးပမ်းကြရန် မှာကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ကိုနိုသည် ထိုနေ့က တိုကျိုမြို့တော်၌ အလည်အပတ်ရောက်ရှိနေသည့် စွန့်ချင့်လင်- ရန်ပုံငွေအဖွဲ့ ဒု ဥက္ကဋ္ဌ ကျင်တွန့်ချွမ်နှင့် ၄င်းဦးဆောင်သော တရုတ်လူငယ်များ  သက်သာချောင်ချိရေးကူးလူးဖလှယ်မှုအဖွဲ့နှင့် တွေ့ဆုံခဲ့ရာ၌၊ လက်ရှိ ဂျပန်-တရုတ် ဆက်ဆံမှု အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသဖြင့်၊ တန်ဖိုးထားသင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio