• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် မက္ကရို စီးပွါးရေး အဆင့်မြင့် နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2019-02-27 09:31:53

တရုတ် မက္ကရို စီးပွါးရေး အဆင့်မြင့် နှီးနှောဖလှယ်ပွဲကို ယခုလ ၂၆ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ပါသည်။ နှီးနှောဖလှယ်ပွဲမှ ထုတ်ပြန်သော အစီရင်ခံစာတွင်၊ ယခုနှစ်နှင့် လာမည့်နှစ်တွင် တရုတ်ပြည် စီးပွါးရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲမှုကို မှန်မှန် တိုးတက်လာသည်နှင့်အမျှ၊ တံခါးဖွင့်ရေးနည်းလမ်းများဖြင့် ပြုပြင်ပြောင်းလဲမှုကို တွန်းအား ပေးရေးနှင့် ယှဉ်ပြိုင်မှုစနစ်ဖြင့် အကျိုးသက်ရောက်မှုကို တွန်းအားပေးရေး ဆောင်ရွက်မှုများ ဖေါ်ဆောင်မည် ဖြစ်ကြောင်း၊ ယင်းသည် စီးပွါးရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ရေးသား ခန့်မှန်းထားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

အစီရင်ခံစာတွင်၊ လူမှု အာမခံ ပရီမီယံကြေး ပေးဆောင်မှုနှုန်းကို အသင့်အတင့် လျှော့ချပေးရမည် ဖြစ်ပြီး ဤသို့ဖြင့် လုပ်ငန်းကုမ္ပဏီများ၏ ဝန်ထုပ်ဝန်ပိုး လျော့ပေါ့ လာစေပြီး ငွေရင်းမြှုပ်နှံမှုနှင့် အလုပ်အကိုင်နေရာချထားမှု အခြေအနေကို တည်ငြိမ်လာစေရန် တိုက်တွန်းထားပါသည်။

ယခုအကြိမ် နှီးနှောဖလှယ်ပွဲကို ရှာ့မင် တက္ကသိုလ်နှင့် ဆင်ဟွာ သတင်းဌာန လက်အောက်ခံ စီးပွါးရေး ကိုးကားသတင်းစာဌာနတို့ ပူးတွဲ ဦးစီး ကျင်းပခြင်း ဖြစ်ပါသည်။ နှီးနှောဖလှယ်ပွဲမှ ထုတ်ပြန်သော မက္ကရို စီးပွါးရေး ခန့်မှန်းချက် အစီရင်ခံစာတွင်၊ ယခုနှစ်နှင့် လာမည့်နှစ်တွင် တရုတ်ပြည် စီးပွါးရေးမှာ တည်ငြိမ်မှုထဲတွင် တိုးတက်မှုအရှိန် အနည်းငယ် လျော့ပေါ့လာမည့် အခြေအနေကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ခန့်မှန်းထားပါသည်။ (ကျော့)

   Webradio