• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကိုးရီးယားကျွန်းဆွယ်နျူကလီးယားကင်းမဲ့စေရေးတွင် တရုတ်ပြည်သည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည်ဟု စင်္ကာပူပညာရှင်ဆို

(GMT+08:00) 2019-02-26 11:58:46

စင်္ကာပူအမျိုးသားတက္ကသိုလ် အရှေ့အာရှရေးရာသုတေသနဌာနမှ လက်ထောက် ဌာနမှူး ချင်ကောင်းက မကြာခင်က ဆင်ဟွာသတင်းထောက်၏ အင်တာဗျူးကို လက်ခံခဲ့ရာ တရုတ်ပြည်သည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့စေရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သည်ဟု ပြောကြားကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ချင်ကောင်းက ၆ပွင့်ဆိုင်ဆွေးနွေးပွဲ စတင်ကျင်းပခဲ့သည့်နောက်ပိုင်းတွင် တရုတ်ပြည် သည် ဒေသတွင်း အခြေအနေ တင်းမာမှု လျော့ပါးစေရေး၊ ကိုးရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့စေရေးနယ်ပယ်များတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ ကြောင်း၊ တရုတ်ပြည်သည် နျူကလီးယားကင်းမဲ့စေရေးသဘောထားရပ်တည်ချက်ကို အမြဲ စွဲကိုင်ပြီး မြောက်ကိုးရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန် ဆန့်ကျင်ကာ မြောက် ကိုးရီးယားနိုင်ငံနှင့် သက်ဆိုင်ရာ နိုင်ငံများအကြား ဆက်ဆံရေးတင်းမာမှု လျော့ပါးစေနိုင်အောင် ကျားကန်ဖျန်ဖြေရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ ကြောင်း ပြောကြားပါသည်။

   Webradio