• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘောဒီးယားရောက်ကမ္ဘာလှည့်ခရီးသည်များတွင် တရုတ်ခရီးသည်အများဆုံးဖြစ်လာ

(GMT+08:00) 2019-02-26 11:40:39

၂၀၁၈ခုနှစ်တွင် ကမ္ဘောဒီးယားသို့ ရောက်ရှိသည့် ကမ္ဘာလှည့်ခရီးသည်ဦးရေမှာ ၆သန်း၂သိန်းရှိပြီး ၂၀၁၇ခုနှစ်ကထက် ၁၀.၇ရာခိုင်နှုန်းတိုးလာကြောင်း၊ ယင်းအနက် တရုတ်ခရီးသည်၂သန်းခန့်ရှိပြီး အများဆုံးဖြစ်လာကြောင်း ကမ္ဘောဒီးယားခရီးသွားလုပ်ငန်း ဝန်ကြီးဌန ထွန်ခွန်မှ ၂၅ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟုန်စိန်က ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယား စီးပွားရေးတိုးတက်မှု၊ အလုပ်အကိုင်နေရာအခွင့်အလမ်းများဖန်တီးပေးရေးနှင့် ဆင်းရဲမှုပပျောက်စေရေးအတွက် အရေးကြီးသည့်အကျိုးပြုစွမ်းဆောင်မှုပြုလုပ်ကြောင်း၊ ကမ္ဘောဒီးယားအစိုးရသည် ခရီးသွားလုပ်ငန်းအား "မြတ်စိမ်းရောင်ရွှေ"သလို သဘောထားကြောင်းပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio