• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အထူးအဖွဲ့ ဖွဲ့စည်းတည်ထောင်မည်ဟု ကုလ အတွင်းရေးမှူးချုပ် ဆို

(GMT+08:00) 2019-02-26 11:40:10

       ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၄၀ မြောက် အစည်းအဝေးကို ယခုလ ၂၅ ရက်နေ့က  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗါမြို့တော်၌ ဖွင့်လှစ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြားခဲ့ရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ယခု လောလောဆယ်တွင် ရန်လိုသည့် အပြောဆိုနှင့်ပြုမူများသည်၊ ကမ္ဘာ့ငြိမ်းချမ်း တည်ငြိမ်ရေးအပေါ် ဆိုးရွားစွာ ခြိမ်းခြောက်နေသဖြင့်၊ ကုလသမဂ္ဂအနေနှင့် ရန်လိုပြုမူသွေးထိုှးုံ့ဆော်သော အပြောအဆိုများကို သီးခြားဖြေရှင်းရန်အတွက် အထူးအဖွဲ့ကို ဖွဲ့စည်း တည်ထောင်သွားမည်ဟု ဖော်ပြကြောင်း စီအာအိုင်က ဖော်ပြသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အကြိမ် ၄၀ မြောက် အစည်းအဝေးကို မတ်လ ၂၂ ရက်နေ့တွင် ကျင်းပပြီးစီးမည်ဟု စီမံထားကြောင်း သတင်းအရသိရသည်။

   Webradio