• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဗီယက်နမ်နိုင်ငံတော်ဥက္ကဋ္ဌသည် လာအိုသို့ ခရီးလှည့်လည်

(GMT+08:00) 2019-02-26 11:40:04

    ယခုလ ၂၄ရက်နေ့က ဗီယက်နမ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌနွင်ဖျူထွန်းသည် လာအိုနိုင်ငံသို့ တရာဝင်ချစ်ကြည်ရေးခရီးလှည့်လှည်ခဲ့ရာ လာအိုပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်ဥက္ကဋ္ဌဗွန်နောင် ဗိုရာချီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။ 

    ဆက်လက်၍ နှစ်ဖက်တို့ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် စီးပွားရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနည်းပညာရေး၊ နိုင်ငံတော်ကာကွယ်ရေးလုံခြုံရေးနှင့် နယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှု တားမြစ်တိုက်ဖျက်ရေးစသော နယ်ပယ်များတွင် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုရရှိကြောင်း ဖော်ပြသည်ဟု သတင်းအရ သိရပါသည်။

   Webradio