• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရပ်နိုင်ငံများသမဂ္ဂ- ဥရောပသမဂ္ဂ ထိပ်သီးများအစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00) 2019-02-26 11:30:09

   ပထမအကြိမ်မြောက် အာရပ်နိုင်ငံများသမဂ္ဂ-ဥရောပသမဂ္ဂထိပ်သီးများအစည်းအဝေး ကို ယခုလ ၂၅ ရက်နေ့က အီဂျစ်နိုင်ငံ Sharm el Sheikh မြို့တွင် ကျင်းပပြီးစီးခဲ့ကြောင်း၊ အစည်းအဝေးတက်ရောက်သည့် နှစ်ဦးနှစ်ဖက်တို့သည် Sharm el Sheikh ထိပ်သီးများ အစည်းအဝေးကြေညာချက်ကို ထုတ်ပြန်ပြီး၊ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုအားဖြည့် ပြုလုပ်ခြင်းသည် အာရပ်နိုင်ငံများနှင့် ဥရောပသမဂ္ဂနိုင်ငံများအနေနှင့် အတူရင်ဆိုင် နေရသည့် စိန်ခေါ်မှုဖြေရှင်းရေးအတွက် သော့ချက်ပင်ဖြစ်သည်ဟု အလေးထားဖော်ပြ ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

အာရပ်နိုင်ငံများသမဂ္ဂနှင့် ဥရောသမဂ္ဂမှ ခေါင်းဆောင်တို့သည် အာရပ်နိုင်ငံများသမဂ္ဂ -ဥရောပသမဂ္ဂထိပ်သီးများအစည်းအဝေးကို ၃ နှစ် တစ်ကြိမ် ကျင်းပရန် သဘောတူကြ ကြောင်း၊ လာမည့်တစ်ကြိမ် ထိပ်သီးများအစည်းအဝေးကို ၂၀၂၂ ခုနှစ်တွင်  ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲမြို့တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းအရသိရသည်။

   Webradio