• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အမေရိကန် စီးပွါးကုန်သွယ်ရေး တိုင်ပင်ဆွေးနွေးပွဲ၏ အောင်ကျိုးရလဒ်များကို ရုရှား အာရုံစိုက်

(GMT+08:00) 2019-02-26 11:12:21

        ယခုလ ၂၄ ရက်နေ့က သတ္တမအကြိမ် တရုတ်-အမေရိကန် စီးပွါးကုန်သွယ်ရေး အဆင့်မြင့် တိုင်ပင်ဆွေးနွေးပွဲကို ကျင်းပပြီးစီးခဲ့ကြောင်း၊ အမေရိကန်သမ္မတ ထရန့်က တရုတ်ပြည်မှ အမေရိကန်သို့ တင်ပို့ရောင်းချသော ကုန်ပစ္စည်းများအား အခွန်တိုးကောက်ရေး အစီအစဉ်ကို မတ်လ ၁ ရက်နေ့မရောက်ခင် ရွှေ့ဆိုင်းမည်ဟု ကြေညာခဲ့ကြောင်း၊ နှစ်ဖက်တို့သည် နယ်ပယ်အသီးသီးမှ ပြဿနာများနှင့်ပတ်သက်ပြီး အနှစ်သာရကျသော တိုးတက်မှု ရရှိခဲ့ကြောင်း၊ ရုရှားမီဒီယာများက တရုတ်-အမေရိကန် စီးပွါးကုန်သွယ်ရေး တိုင်ပင်ဆွေးနွေးပွဲကို လွန်စွာ အာရုံစိုက်ပြီး ရုရှား စီးပွားရေးနယ်ပယ်မှ ပညာရှင်များက တိုင်ပင်ဆွေးနွေးပွဲ၏ အောင်ကျိုးရလဒ်များကို ချက်ချင်း သုံးသပ်ပြောဆိုခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ရုရှား ပြည်ထောင်စုကောင်စီ စီးပွားရေး ပေါ်လစီ ကော်မတီ ဥက္ကဋ္ဌ ဒမီထရီ-မယ်ဇိန်ဆက်ဗ်က ယင်း တိုင်းပင်ဆွေးနွေးပွဲ၏ အောင်ကျိုးရလဒ်များသည် အခြေအနေ လျော့ပါးခြင်း ပြသနေကြောင်း၊ နိုင်ငံတကာ စီးပွားကုန်သွယ်ရေး အငြင်းပွားမှုနှင့် နိုင်ငံချင်း တင်းကြပ်သော စီးပွားကုန်သွယ်ရေး ဆက်ဆံမှုကို လျော့ပါးစေပြီး နိုင်ငံတကာဥပဒေနှင့် အပြန်အလှန် တူညီသော အကျိုးစီးပွားကို ထောက်ခံသော လုပ်ရပ် မှန်သမျှကို အထောက်အကူပြုရမည်ဖြစ်ကြောင်း စီအာအိုင် သတင်းထောက်အား အလေးထားပြောကြားသည်။

   Webradio