• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပထမအကြိမ် အာရပ်နိုင်ငံများသမဂ္ဂ-ဥရောပသမဂ္ဂထိပ်သီးများအစည်းအဝေး အီဂျစ်တွင် ကျင်းပ

(GMT+08:00) 2019-02-25 10:56:54

၂ ရက်ကြာ ကျင်းပသည့် ပထမအကြိမ် အာရပ်နိုင်ငံများသမဂ္ဂ-ဥရောပသမဂ္ဂ ထိပ်သီးများ အစည်းအဝေးကို ယခုလ ၂၄ ရက်နေ့က အီဂျစ်နိုင်ငံ Sharm el Sheikh မြို့တွင် ဖွင့်လှစ်ခဲ့ ရာ၊ ဥရောပနှင့် အာရပ်နိုင်ငံများမှ ထိပ်သီးခေါင်းဆောင် ၅၀ ကျော်တို့ တက်ရောက်ခဲ့ကြ ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြာခဲ့ရာ၌ အီဂျစ်နိုင်ငံ သမ္မတ စီစီက နိုင်ငံအချို့သည် အကြမ်းဖက်ဝါဒ ပြန့်ပွားစေခြင်းဖြင့် ရှုပ်ထွေးသောအခြေအနေကို ဖန်တီးပြီး၊ ယခုအကြိမ် အစည်းအဝေးသို့ တက်ရောက်ကြသည့် ခေါင်းဆောင်များအနေနှင့် အကြမ်းဖက်ဝါဒကို အတူဆန့်ကျင်ကြရန် တိုက်တွန်းကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio