• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံမီဒီယာကူးလူးဖလှယ်ရေးနှစ်လှုပ်ရှားမှုသည် နှစ်ဖက်မီဒီယာပူးပေါင်း ဆောင်ရွက်ရေးတွန်းအားပေးရန် ကောင်းမွန်သောအခွင့်အလမ်းများဖန်တီးပေးသည်ဟု မလေးရှားဆို

(GMT+08:00) 2019-02-25 10:46:32

မလေးရှားသတင်းဆက်သွယ်ရေးနှင့်မာတီမီဒီယာဝန်ကြီးဌာနဒုဝန်ကြီးအယ်ဒီစာဇီလီက မလေး ရှား-တရုတ်နှစ်နိုင်ငံမီဒီယာတို့ပူးပေါင်းဆောင်ရွက်ရေးတွန်းအားပေးခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးပုံမှန်တိုးတက်ရေးအတွက် အရေးကြီးအကျိုးသက်ရောက်မှုရှိကြောင်း မကြာမီက ပီကင်းဋ္ဌ်ပြောကြားခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

အယ်ဒီစာဇီလီကလွန်ခဲ့သောသီတင်းပတ်တွင် ၂၀၁၉ခုနှစ်တရုတ်-အာဆီယံမီဒီယာ ကူးလူးဖလှယ်ရေးနှစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ရာတွင် တရုတ်ဗဟိုမီဒီယာအုပ်စုမှ သတင်းထောက်၏မေးမြန်းချက်ကို ဖြေကြားခဲ့ရာ မလေးရှားနှင့်တရုတ်၏အဓိကမီဒီယာတို့ သည် မှားယွင်းမှုများအချိန်မီရှင်းလင်းပေးပြီး နှစ်နိုင်ငံဆက်ဆံရေးပုံမှန်တိုးတက်နိုင်ရန် ထိန်းသိမ်းကာကွယ်သောအရေးကြီးတာဝန်များကို ထမ်းဆောင်နေကြောင်း၊ တရုတ်- အာဆီယံမီဒီယာကူးလူးဖလှယ်ရေးနှစ်လှုပ်ရှားမှုသည် နှစ်ဖက်မီဒီယာများပူးပေါင်း ဆောင်ရွက်ရေးတွန်းအားပေးရန် ကောင်းမွန်သောအခွင့်အလမ်းများဖန်တီးပေးသည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

   Webradio