• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ခဲ့သည့်နှစ်တွင် အာဖဂန် လက်နက်ကိုင် အငြင်းပွါးမှုကြောင့် အရပ်သူအရပ်သား တစ်သောင်းကျော် သေကျေဒဏ်ရာရရှိ

(GMT+08:00) 2019-02-25 09:31:20

ကလသမဂ္ဂ အာဖဂန်အား ထောက်ပံ့ကူညီရေးအဖွဲ့မှ ယခုလ ၂၄ ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာအရ၊ ၂၀၁၈ ခုနှစ်တွင် အာဖဂန်နိုင်ငံ၌ အရပ်သူအရပ်သား ၁၀၉၉၃ ဦးသည် လက်နက်ကိုင် အငြင်းပွါးမှုတွင် သေကျေဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းတို့အနက် ၃၈၀၄ ဦး သေဆုံးပြီး ၇၁၈၉ ဦး ဒဏ်ရာရရှိကာ သေဆုံးသူများအနက် ကလေးငယ် ၉၂၇ ဦး ပါဝင်ကြောင်း၊ ကလေးငယ် သေဆုံးသူ ဦးရေ အပါအဝင် အထက်ပါ ဂဏန်းများသည် အတိတ်က မည်သည့်နှစ်ကထက် မဆို ပိုများကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။(ကျော့)

   Webradio