• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည် ဂျီးလင်ပြည်နယ်၏ ရှင်သန်ရေး ဖြစ်စဉ်

(GMT+08:00) 2019-02-25 09:28:19

၂၀၁၅ ခုနှစ် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်နှင့် ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ နှစ်ပတ်လည် အစည်းအဝေးတွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေမှူး ရှီကျင့်ဖိန်က ဂျီးလင်ပြည်နယ် ကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးပွဲတွင် တက်ရောက်ရာ၌၊ ခေတ်မီ လယ်ယာ စိုက်ပျိုးရေး တည်ဆောက်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို လက်တွေ့ကျကျ ဆောင်ရွက်ပြီး ပြည်သူပြည်သားများကို အကျိုးစီးပွါး ရရှိစေရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

လွန်ခဲ့သည့်လေးနှစ်အတွင်း ဂျီးလင်ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ငွေကြေး ယွမ် သန်း ၁၄၄၀ကို စုဆောင်းပြီး ခရိုင် ၁၄ ခု၌ ငွေရင်းမြှုပ်နှံကာ စံချိန်စံနှုန်း မြင့်မားသော စိုက်ပျိုးမြေ တရုတ်မို ၉ သန်းကျော်ပေါ်မှာ ခေတ်မီ လယ်ယာစိုက်ပျိုးရေးကို ပြုလုပ်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် လယ်လုပ်စက်ယန္တရား ဝယ်ယူရာ၌ ထောက်ပံ့ကြေး ပေးရေး မူဝါဒကို ကျင့်သုံးခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ဂျီးလင်ပြည်နယ်တွင် လယ်လုပ် စက်ယန္တရား သမဝါယမ ၄၅၀ ခန့် ရှိပြီ ဖြစ်ပြီး စက်ယန္တရား အသုံးပြုနှုန်းမှာ ၈၆ ရာခိုင်နှုန်း အထိ ရှိပြီ ဖြစ်ကြောင်း သိရပါသည်။

ဂျီးလင်ပြည်နယ်သည် ပြည်နယ်၏ အနောက်ပိုင်းဒေသ၌ ဂေဟစနစ် တည်ထောင်ရေး လုပ်ငန်းကို ဆောင်ရွက်ကာ၊ လွန်ခဲ့သည့် လေးနစ်အတွင်း သဲကန္တာရ မြေဆီလွှာ ဧရိယာပေါင်း တရုတ်မို ၁၈ သိန်း ၃ သောင်းကျော်ကို ပြုပြင်ကာ၊ စိုစွတ်မြေ ဧရိယာ စတုရန်း ကီလိုမီတာ ၂၄ သန်းကျော်ကို ပြန်လည် တည်ထောင်ခဲ့ကြောင်း၊ ပြည်နယ်၏ အရှေ့ပိုင်း ချန်ပိုင်ရှန်တောင်တန်းဒေသ၌ သစ်တော တရုတ်မို ၁၁၄ သန်းကျော်ကိုလည်း ပြန်လည် စိုက်ပျိုး ခဲ့ကြောင်း သတင်းရရှိပါသည်။ (ကျော့)

   Webradio