• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ထိပ်သီးတို့်ရဲ့ သဘောတူညီမှုကို ဖော်ဆောင်ပြီး၊ တရုတ်-အမေရိကန် ကုန်သွယ်ရေး စေ့စပ်ဆွေးနွေးမှုက အဆောတလျင်ဆောင်ရွက်ရေးပုံစံမျိုးမှာ ဝင်ရောက်

(GMT+08:00) 2019-02-23 16:58:29

ဒေသစံတော်ချိန် ဒီလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံသမ္မတ ထရန့်ဟာ အိမ်ဖြူတော် မှာ ဝါရှင်တန်မြို့တော်မှာ ကျင်းပနေတဲ့ ၇ ကြိမ်မြောက် တရုတ်-အမေရိကန် စီးပွား ကုန်သွယ်ရေး အဆင့်မြင့် စေ့စပ်ဆွေးနွေးပွဲသို့ တက်ရောက်နေတဲ့ ဥက္ကဋ္ဌ ရှီကျင့်ဖိန်ရဲ့ အထူးသံတမန်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီဝင်၊ တရုတ်-အမေရိကန် ဘက်စုံ စီးပွားရေးဆွေးနွေးပွဲ တရုတ်ဖက်က ရှေ့ဆောင်သူ လျူဟက်နဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့ရာမှာ အခုအကြိမ် အဆင့်မြင့်စေ့စပ် ဆွေးနွေးမှုဟာ ကြီးမားတဲ့ တိုးတက်မှုရရှိခဲ့ပြီး၊ ဒါပေမဲ့ အလုပ်များစွာ ဆောင်ရွက်ဖို့ လိုနေသေးကြောင်း၊ ဒါကြောင့်၊ နှစ်ဦးနှစ်ဖက်တို့အနေနဲ့ ဒီအကြိမ် စေ့စပ်ဆွေးနွေးမှုကို    ၂ ရက် ရှည်ကြာစေမယ်လို့ ဆုံးဖြတ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

  ဒါဟာ တရုတ်-အမေရိကန် အဆင့်မြင့်စီးပွားကုန်သွယ်ရေးစေ့စပ်ဆွေးနွေးမှု ကြိမ်ဖန် များစွာ ပြုလုပ်ခဲ့တဲ့နောက်မှာ ပထမဆုံးအကြိမ်အဖြစ် အချိန်ရှည်ကြာစေခဲ့ခြင်းဖြစ်ပါတယ်။ တိုးတက်မှုရရှိခဲ့တဲ့ အခြေခံပေါ်မှာ တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး စေ့စပ်ဆွေးနွေးခြင်းအနေနဲ့၊ သော့ချက်အကျဆုံးပြီး၊ အခက်ခဲအရှိဆုံးသော တစ်​​ဟုန်ထိုးပြေးဝင်​​လိုတဲ့ အဆင့်ကဏ္ဍမှာ ဝင်ရောက်နေတာကို ပြဆိုတဲ့  တစ်ချိန်ထဲမှာပဲ ထိပ်သီးတို့်ရဲ့ သဘောတူညီမှုကို ဖော်ဆောင်ပြီး၊ တရုတ်-အမေရိကန် စီးပွားကုန်သွယ်ရေး စေ့စပ် ဆွေးနွေးမှုဟာ အဆောတလျင်ဆောင်ရွက်ရေးပုံစံမျိုးမှာ ဝင်ရောက်နေတာကိုလည်း ပြဆိုနေပါတယ်။

 

   Webradio