• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပသမဂ္ဂ၏ တရုတ် သံမဏိ မော်တော်ကား hub များ ပုံအောရောင်းချမှု ကန့်ကွက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုသည် ဥပဒေအထောက်အထား ချို့တဲ့နေဟု တရုတ်ဆို

(GMT+08:00) 2019-02-22 16:53:21

        မကြာခင်ရက်များက ဥရောပသမဂ္ဂ ကော်မရှင်သည် တရုတ်ပြည်ထုတ် သံမဏိ သံမဏိ မော်တော်ကား hub များ ပုံအောရောင်းချမှု ကန့်ကွက်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ရန် ဆုံးဖြတ်သည်ဟု ကြေညာခဲ့သည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောဖုန်းက ယင်းဆုံးဖြတ်ချက်သည် အဖြစ်မှန်နှင့် ဥပဒေအထောက်အထားချို့တဲ့နေကြောင်း၊ တရုတ်ပြည်ဘက်သည် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးရေးကို အလေးထား အာရုံစိုက်ပြီး ဥရောပသမဂ္ဂ ကော်မရှင်အနေနှင့် ဆင်ခြင် ကိုင်တွယ်လုပ်ဆောင်ရန် နှစ်ဖက်အကြား ပုံမှန် ကုန်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအပေါ် ထိခိုက်မှုကို ရှောင်ရှားရန် မျှော်လင့်ကြောင်း ယခုလ ၂၁ ရက်နေ့က တုံ့ပြန်ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio