• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် ဂုဏ်ပြုရန်နှင့် နိုင်ငံတကာအမျိုးသမီးများနေ့ ဆီးကြိုရန် အတွက် အာဆီယံဆိုင်ရာ တရုတ်သံတမန်အရာရှိများအဖွဲ့က ဧည့်ခံပွဲ ကျင်းပ

(GMT+08:00) 2019-02-22 15:38:40

       တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် ဂုဏ်ပြုရန်နှင့် နိုင်ငံတကာအမျိုးသမီးများနေ့ ဆီးကြိုရန် အတွက် ယခုလ ၂၁ ရက်နေ့ ညက၊  အာဆီယံဆိုင်ရာ တရုတ်သံတမန်အရာရှိများအဖွဲ့ သည် သံအမတ်ကြီးအိမ်တော်၌ ဧည့်ခံပွဲကို ကျင်းပခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

အာဆီယံဆိုင်ရာ တရုတ်သံအမတ်ကြီး ဟွမ်ရှီးလျန်က ဧည့်ခံပွဲတွင် မိန့်ခွန်းပြောကြား ခဲ့ရာ၌၊ အာဆီယံအမျိုးသမီးများအသင်းသည် အာဆီယံအမျိုးသမီးများနှင့် ကလေး သူငယ် များဆိုင်ရာ ပရာဟိတလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ကြာရှည်စွာ လုံးပမ်းအားထုတ်ခဲ့ ရုံသာမက၊ အာာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများကြား အပြန်အလှန်နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးပွားစေရေးအတွက်လည်း တက်ကြွစွာ ကြိုးပမ်းခဲ့ကြောင်း တန်ဖိုးထား ချီးကျူးခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio