• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ပြည်သူ့ရေးရာ လုပ်ငန်းများ ဘက်စုံ တွန်းအားပေး

(GMT+08:00) 2019-02-22 09:26:06

တရုတ် ပြည်သူ့ရေးရာ ဝန်ကြီးဌာနသည် ယခုလ ၂၁ ရက်နေ့က ၂၀၁၈ ခုနှစ် ပြည်သူ့ရေးရာ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေကို အစီရင်ခံခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် တရုတ်ပြည် ပြည်သူ့ရေးရာ လုပ်ငန်းများ ဘက်စုံ တိုးတက်လာပြီး၊ ဆင်းရဲမှု ပပျောက်ရေး၊ သက်ကြီးရွယ်အိုများအား ဝန်ဆောင်မှုပေးရေး စသည့်နယ်ပယ်များတွင် တိုးတက်မှုများ ရရှိကာ ဝင်ငွေနည်းသူ ၄၅ သန်းကျော်တို့၏ စားဝတ်နေရေးကို ပိုမို ကောင်းမွန်စွာ အာမခံပေးနိုင်ခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

၂၁ ရက်နေ့က ကျင်းပသော နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံး၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြည်သူ့ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဟွမ်ရှုရှန်က၊ ၂၀၁၈ ခုနှစ်တွင် ပြည်သူ့ရေးရာ ဝန်ကြီးဌာနသည် မူဝါဒ၊ ငွေကြေး၊ လုပ်ငန်းစဉ်၊ လူ့စွမ်းအား အရင်းအမြစ် စသည့်ဘက်များကနေ အလွန်အကျွံ ဆင်းရဲသော ဒေသများ ဆင်းရဲမှု လျှော့ချရေး လုပ်ငန်းကို ထောက်ခံခဲ့ကြောင်း ပြောကြားပါသည်။

ပြည်သူ့ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး ကောရှောင်ပင်းက၊ ယခုနှစ်များတွင် ပြည်သူ့ရေးရာ ဝန်ကြီးဌာနသည် တစ်ခြား ဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဝန်ဆောင်မှု အရည်သွေး တိုးမြှင့်ရေး သီးသန့် ဆောင်ရွက်မှုများ ပြုလုပ်ပြီး တစ်ပြည်လုံး ဘိုးဘွားများရိပ်သာများ၏ ဝန်ဆောင်မှု အရည်အသွေးကို များစွာ တိုးမြင့်လာစေခဲ့ကြောင်း ပြောကြားပါသည်။ (ကျော့)

   Webradio