• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လက်ဘနွန်နိုင်ငံရှိ တရုတ်နှင့်ကမ္ဘောဒီးယားငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့သည် မိုင်းဗုံးရှင်းလင်းရေးအတွေ့အကြုံကူးလူးဖလှယ်

(GMT+08:00) 2019-02-21 16:14:29

လက်ဘနွန်နိုင်ငံရောက်ကမ္ဘောဒီးယား ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့သည် ယခုလ၁၉ရက်နေ့က တရုတ်ပြည်မှငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်ဖွဲ့စခန်းသို့ သွားရောက်ပြီး မိုင်းဗုံးရှင်းလင်းရေးဆိုင်ရာ အတွေ့အကြုံများကူးလူးဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်း အရသိရပါသည်။

ထိုနေ့က လက်ဘနွန်နိုင်ငံဆိုင်ရာကမ္ဘောဒီးယား ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့မှ ဗိုလ်မှူးကြီး ဇာလေက တရုတ်ပြည်ဘက်နှင့် ကူးလူးဖလှယ်ခွင့်ရရှိ၍ လွန်စွာဝမ်းသာမိကာ တရုတ်ပြည်ဘက်၏ ကမ္ဘောဒီးယားဘက်အား အားပေးထောက်ခံမှုကို ကျေးဇူးတင်ပါကြောင်း၊ နောင်တွင် နှစ်ဖက်တို့သည် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တွန်းအားပေးပြီး အပြန်အလှန်အားပေးထောက်ခံရန် မျှော်လင့်ပါကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သတင်းရရှိပါသည်။

   Webradio