• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လန်ဆန်-မဲခေါင် ၆ နိုင်ငံတို့သည် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေး ဆွေးနွေးပွဲကျင်းပ

(GMT+08:00) 2019-02-21 14:56:14

ယခုလ ၂၀ ရက်နေ့က လန်ဆန်-မဲခေါင်နိုင်ငံများယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးဆွေးနွေးပွဲကို မြန်မာနိုင်ငံပုဂံမြို့တွင် ကျင်းပခဲ့ကြောင်း၊တရုတ်၊ မြန်မာ၊လာအို၊ထိုင်း၊ကမ္ဘောဒီးယား၊ဗီယက်နမ် ၆ နိုင်ငံတို့မှရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာကျွမ်းကျင်ပညာရှင်တို့သည် ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းကာကွယ်ရေးအတွေ့အကြုံများကို ဖလှယ်ခဲ့ကြကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးဟုန်လျန့်က ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-မြန်မာ Belt and Road လက်တွဲတည်ထောင်ခြင်းနှင့်တရုတ်-မြန်မာစီးပွါးရေးစင်္ကြီ၏အရေးကြီးအစိတ်အပိုင်းဖြစ် ကြောင်းပြောကြားခဲ့သည်။

 

   Webradio