• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်-မြောက်ကိုရီးယား ခေါင်းဆောင်များ ဟနွိုင်းတွင် တွေ့ဆုံပြီးနောက် ကြိမ်ဖန်များစွာ ထပ်တွေ့မည်ဟု ထရန့် ဆို

(GMT+08:00) 2019-02-21 14:24:42

အမေရိကန်သမ္မတ ထရန့်က မိမိနှင့် မြောက်ကိုရီးယား အမြင့်ဆုံးခေါင်းဆောင် ကင်ဂျုံအန်တို့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်၌ တွေ့ဆုံပြီးနောက် နောက်နောင်တွင် အကြိမ်ကြိမ် တွေ့အုံးမည်ဟု ၂၀ရက်နေ့က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထရန့်က မကြာမီတွင် ကျင်းပတော့မည့် မိမိနှင့် ကင်ဂျုံအန်တို့၏ တွေ့ဆုံပွဲသည် နောက်ဆုံးတစ်ကြိမ် လုံးဝမဟုတ်ကြောင်း၊ မြောက်ကိုရီးယားသည် နျူကလီးယား စွန့်ပစ်ရန် ဆန္ဒမရှိဟု မိမိအနေနှင့် ဤသို့ထင်မြင်ချက်မရှိကြောင်း၊ မိမိသည် မြောက်ကိုရီးယားအား အရေးယူမှုကို ဖျက်သိမ်းရန် ဆန္ဒရှိသော်လည်း မြောက်ကိုရီးယားအနေနှင့် အပြုသဘောဆောင်သော ဆောင်ရွက်ချက်များကို ဦးစွာကျင့်သုံးရန်လိုကြောင်း ၂၀ရက်နေ့က အိမ်ဖြူတော်၌ ပြောကြားခဲ့ပါသည်။

   Webradio