• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံအမတ်ကြီးသည်၊ ဖိလစ်ပိုင်သမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2019-02-21 11:28:59

       ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျောက်ကျန့်ဟွာသည်၊ ယခုလ ၂၀ ရက်နေ့က ဖိလစ်ပိုင်သမ္မတ ဒူတာတေးနှင့် တွေ့ဆုံခဲ့သည်ဟု တရုတ်သတင်းဌာနမှ သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ကျောက်ကျန့်ဟွာက ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ရင်းနှီးသော နှုတ်ခွန်း ဆက်စကားကို သမ္မတဒူတာတေးအား တစ်ဆင့်ပြောကြားပြီး၊ ၂၀၁၈ခုနှစ် နိုဝင်ဘာလ ဥက္ကဋ္ဌရှီကျင့်ဖိန်၏ ဖိလစ်ပိုင်ခရီးစဉ် အောင်ကျိုးရလဒ်ဖော်ဆောင်ရေးအကြောင်းကို အကြောင်းကြားသည့်အပြင်၊ ဒုတိယအကြိမ်မြောက် Belt and Road နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဆင့်မြင့်ဖိုရမ်ဆိုင်ရာ ပြင်ဆင်မှုအကြောင်းကိုလည်း ရှင်းလင်း ပြောကြားခဲ့သည်။

သမ္မတဒူတာတေးက  မိမိ၏ ရင်းနှီးသော နှုတ်ခွန်းဆက်စကားနှင့် ကောင်းမွန်သော ဆုတောင်းမှုကို သံအမတ်ကြီး ကျောက်ကျန့်ဟွာမှတစ်ဆင့်  ဥက္ကဋ္ဌ ရှီကျင့်ဖိန်အား ဖော်ပြ သည့်အပြင်၊ လက်ရှိ နှစ်နိုင်ငံဆက်ဆံမှုဖွံ့ဖြိုးရေးအပေါ် ကျေးနပ်မိကြောင်း ပြောကြားခဲ့ သည်ဟု သတင်းအရသိရသည်။

 

   Webradio