• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ၉ နိုင်ငံ တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအသစ်ပေးပို့သော သံအမတ်ခန့်အပ်လွှာကို လက်ခံပြီး ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်အသစ်နှင့်တွေ့ဆုံ

(GMT+08:00) 2019-02-21 10:48:27

တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည် ယခုလ ၂၀ ရက်နေ့က ပေကျင်း ပြည်သူ့ခန်းမ ဆောင်ကြီးတွင် ၉ နိုင်ငံ တရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအသစ်ပေးပို့သော သံအမတ်ခန့်အပ်လွှာကို လက်ခံခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ယင်းတရုတ်နိုင်ငံဆိုင်ရာသံအမတ်ကြီးအသစ်များသည် တရုတ်နိုင်ငံဆိုင်ရာ ဆာဗာဒို သံအမတ်ကြီးဒူရန်၊ တရုတ်နိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးမီစရီ၊ တရုတ်နိုင်ငံဆိုင်ရာ တာ့မင်နစ္စတန် သံအမတ်ကြီးဒူရ်ဒရဲဗ်၊ တရုတ်နိုင်ငံဆိုင်ရာ ခရိုအေးရှားသံအမတ်ကြီး မီဟယ်လင်၊ တရုတ်နိုင်ငံဆိုင်ရာ ဂီရ်ဂစ္စတန်သံအမတ်ကြီးဘာခထ်ဂူလိုးဗါ၊ တရုတ်နိုင်ငံဆိုင်ရာ အီသီယိုပီးယားသံအမတ်ကြီးတယ်ရှိုမယ်၊ တရုတ်နိုင်ငံဆိုင်ရာ ဂရင်နေဒါသံအတ်ကြီးဒယ်ဗီဒ်၊ တရုတ်နိုင်ငံဆိုင်ရာ ကင်ညာသံအမတ်ကြီးဆယ်ရေမ်၊ တရုတ်နိုင်ငံဆိုင်ရာ မော်ရီတေးနီးယားသံအမတ်ကြီးအယ်လ် ဗီလာလီ တို့ဖြစ်ပါသည်။

ထိုနေ့တွင်ပင် ရှီကျင့်ဖိန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူးချုပ်အသစ် နိုရိုးဗ်နှင့်လည်း တွေ့ဆုံနှုတ်ဆက်ပြီး ၄င်းအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဖွံ့ဖြိုးရေးကို တွန်းအားပေးဖို့အတွက် အကျိုးပြုနိုင်ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

   Webradio