• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အာဆီယံ မီဒီယာ ကူးလူးဖလှယ်ရေးနှစ် ဖွင့်ပွဲအခမ်းအနား ပီကင်း၌ ကျင်းပ

(GMT+08:00) 2019-02-21 10:38:26

၂၀၁၉ ခုနှစ် တရုတ်-အာဆီယံ မီဒီယာ ကူးလူးဖလှယ်ရေးနှစ် ဖွင့်ပွဲအခမ်းအနားကို ယခုလ ၂၀ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဝန်ကြီး ဟွမ်ခွင်းမင်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဥက္ကဋ္ဌ ရှီကျင့်ဖိန် ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ဖတ်ကြားခဲ့ပါသည်။ တရုတ်နိုင်ငံတော် အသံလွှင့်၊ ရုပ်မြင်သံကြား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နေချင်ရှီ၊ အာဆီယံ အတွင်းရေးမှူးဌာန အတွင်းရေးမှူးချုပ် မော်ဟတန်၊ တရုတ်နှင့် အာဆီယံမှ သက်ဆိုင်ရာ အစိုးရဌာနများနှင့် မီဒီယာ ကိုယ်စားလှယ် စုစုပေါင်း လူ ၁၅၀၀ ကျော်တို့သည် အခမ်းအနားသို့ တက်ရောက် ခဲ့ကြသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်-အာဆီယံ မီဒီယာ ကူးလူးဖလှယ်ရေးနှစ် ဖွင့်ပွဲအခမ်းအနားကို ၂၀ ရက်နေ့ညက နိင်ငံတော် ဇာတ်ရုံကြီး တေးဂီတခန်းမ၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်နှင့် အာဆီယံအဖွဲ့ အလှည့်ကျ သဘာပတိနိုင်ငံ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဘရာယွတ်တို့သည် ဖွင့်ပွဲအခမ်းအနားသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးပို့ ခဲ့ကြသည်ဟု သတင်းရရှိပါသည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် စင်ကာပူ၌ ကျင်းပသော ၂၁ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီး အစည်းအဝေး တက်ရောက်ရာတွင်၊ ၂၀၁၉ ခုနှစ်ကို တရုတ်-အာဆီယံ မီဒီယာ ကူးလူးဖလှယ်ရေးနှစ် သတ်မှတ်ထားခြင်းကို အာဆီယံ ခေါင်းဆောင်များနှင့်အတူ ကြေညာ ခဲ့သည်ဟု သိရပါသည်။ (ကျော့)

   Webradio