• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် အီရန် လွှတ်တော် ဥက္ကဋ္ဌနှင့် တွေ့ဆုံ

(GMT+08:00) 2019-02-21 09:22:17

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၂၀ ရက်နေ့က ပီကင်း၌ အီရန် အစ္စလမ် လွှတ်တော် ဥက္ကဋ္ဌ လာရီဂျာနီနှင့် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က၊ အီရန်နှင့် ဘက်စုံ မဟာဗျူဟာ မိတ်ဖက် ဆက်ဆံမှု တိုးတက်ရေးဆိုင်ရာ တရုတ်ပြည်၏ သန္နိဋ္ဌာန် ပြောင်းလဲမည် မဟုတ်ကြောင်း၊ အီရန်က ဒေသတွင်း ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် အပြုသဘော ဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းကို ထောက်ခံပါကြောင်း ပြောကြားပါသည်။

ဆက်လက်ပြီး ရှီကျင့်ဖိန်က၊ အခြေအနေသစ်တွင် တရုတ်နှင့် အီရန်တို့သည် မဟာဗျူဟာမြောက် အပြန်အလှန် ယုံကြည်မှု တစ်ဆင့်တိုး နက်ရှိုင်းလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တစ်ဖက်သား၏ အမြုတေကျ အကျိုးစီးပွါးနှင့် အတူ အာရုံစိုက်ကြသော ကိစ္စရပ်များတွင် ဆက်လက် အပြန်အလှန် နားလည်ပြီး အပြန်အလှန် ထောက်ခံရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

လာရီဂျာနီကလည်း၊ အီရန်သည် မဟာဗျူဟာနှင့် ရေရှည် ရှုထောင့်မှနေပြီး တရုတ်ပြည်နှင့် ဆက်ဆံမှု တိုးတက်ရေးကို သဘောထားနေကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးတက်ခြင်းသည် နှစ်နိုင်ငံ၏ အရင်းခံ အကျိုးစီးပွါးနှင့် ကိုက်ညီရုံသာမက၊ အာရှ အပါအဝင် တစ်ကမ္ဘာလုံး၏ ငြိမ်းချမ်း တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးကြီးပါကြောင်း ပြောကြားပါသည်။ (ကျော့)

   Webradio