• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဘုံဘေဆိုင်ရာတရုတ်ကောင်စစ်ဝန်ချုပ်ထန်ကိုချမ်နှင့် မာဟာရာရှ်ထရာပြည်နယ် ပညာရေးနှင့် အားကစား၊ လူငယ်ရေးရာယဉ်ကျေးမှုအရာရှိတွေ့ဆုံ

(GMT+08:00) 2019-02-20 14:56:46

ယမန်နေ့ ၁၈ရက်နေ့က အိန္ဒိယနိုင်ငံ ဘုံဘေဆိုင်ရာတရုတ်ကောင်စစ်ဝန်ချုပ် ထန်ကိုချမ်နှင့် မာဟာရာရှ်ထရာပြည်နယ် ပညာရေး၊ အားကစား၊ လူငယ်ရေးရာနှင့် ယဉ်ကျေးမှုအရာရှိဗင်နော်ဒ် တော်တာတို့တွေ့ဆုံရာတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေး စသော ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း စီအာအိုင်သတင်းအရ သိရပါသည်။

    ဝန်ကြီးတော်တာသည် တရုတ်-အိန္ဒိယနှစ်နိုင်ငံအကြား လူမှုယဉ်ကျေးမှုစသော နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေးတိုးမြှင့်ရန် လွန်စွာအရေးကြီးကြောင်း၊ မာဟာရာရှ်ထရာပြည်နယ်သည် အိန္ဒိယရုပ်ရှင်၊ ယဉ်ကျေးမှုနှင့် ပညာရေးစသောနယ်ပယ်၏ အားသာချက်ဖြင့် တရုတ်နိုင်ငံနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio