• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယခုနှစ် အိန္ဒိ​ယတွင် A-H1N1 တုပ်ကွေးရောဂါစွဲကပ်ခံရသူ တစ်သောင်းကျော်ရှိ

(GMT+08:00) 2019-02-20 14:50:02
အိန္ဒိယနိုင်ငံတော် ကူးစက်ရောဂါထိန်းချုပ်ရေးစင်တာမှ ထုတ်ပြန်သော နောက်ဆုံးစာရင်းအရ ယခုနှစ် အိန္ဒိယတွင် လူ ၁ သောင်း၂ ထောင်ကျော် A-H1N1 တုပ်ကွေးရောဂါကို စွဲကပ်ခံရကြောင်း၊ ယင်းတို့အနက် လူ ၃၃၇ဦး သေဆုံပြီဖြစ်ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

၂၀၁၈ခုနှစ် အိန္ဒိယတစ်ပြည်လုံး၌ A-H1N1 တုပ်ကွေးရောဂါစွဲကပ်ခံရသူ ၁ သောင်း ၅ ထောင် နီးပါးရှိပြီး ယင်းတို့အနက် ၁၁၀၃ ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio