• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ တည်ထောင်ရန် မြန်မာလွှတ်တော် အတည်ပြု

(GMT+08:00) 2019-02-20 11:00:22

မြန်မာနိုင်ငံပြည်ထောင်စုလွှတ်တော်သည် ယခုလ ၁၉ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မများ ပြင်ဆင်ရေးမူကြမ်းကို ရေးဆွဲချမှတ်ရန် ဖွဲ့စည်းပုံအခြေ ခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီကို တည်ထောင်ရန် အတည်ပြုခဲ့သည်ဟု ဆင်ဟွာ သတင်းအရသိရသည်။

ယင်းကော်မတီသည် ကိုယ်စားလှယ် ၄၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တပ်မတော်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် တိုင်းရင်းသားပါတီများမှ အဖွဲ့ဝင်များဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်သည် ယင်းကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်းသိရသည်။

   Webradio