• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်အဆင့်မြင့်အရာရှိဟောင်းကိုယ်စားလှယ်အဖွဲ့ကို ဝမ်ယိတွေ့ဆုံ

(GMT+08:00) 2019-02-20 10:32:23

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် ယမန်နေ့ ၁၉ ရက်နေ့က ပီကင်းမြို့တွင် အမေရိကန် ပြည်လုံး ဆိုင်ရာ ကုန်သွယ်ရေးအဖွဲ့ အမြဲတမ်းဒု ဥက္ကဋ္ဌ Myron Brilliant ဦးဆောင်သော အမေရိကန် အဆင့်မြင့်အရာရှိဟောင်း ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ယိက တရုတ်-အမေရိကန်နှစ်နိုင်ငံဆက်ဆံမှုမှာ ကမ္ဘာ့ အရေး အကြီးဆုံးသော နှစ်ဖက်ဆက်ဆံမှုများအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ အပြန်အလှန်လေးစားပြီး အပြန်အလှန် အကျိုးရှိစေသော ပူးပေါင်းဆောင်ရွက်ရေး ဆက်ဆံမှုသည် နှစ်နိုင်ငံအတွက် မှန်ကန်သော ရွေးချယ်မှုဖြစ်ရုံသာမက နိုင်ငံတကာမိသားစုကြီး၏ စောင့်မျှော်ရာလည်းဖြစ်ကြောင်း၊ တရုတ်နှင့် အမေရိကန်တို့သည် တူညီသောဦးတည်ချက်ဖြင့် တက်တက်ကြွကြွ လက်တွဲကြိုးပမ်းဆောင်ရွက်ပါက နှစ်ဖက်စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက် ရေးမှာ နှစ်နိုင်ငံဆက်ဆံမှုတွင် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

 

 

   Webradio